ကျန်းမာရေး
ဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိရာတွင် ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်မှု ပေးရာတွင်
ပြည်သူများ၏ လိုအပ်ချက်နှင့် ကျေနပ်မှုကို အပြည့်အဝ ပေးနိုင်ရေးသည် အလွန်အရေးကြီး ကြောင်းဖြင့်
ဇွန်လ (၁၀)ရက်နေ့ နံနက်က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်၌ ကျင်းပသော ပဏာမ ကျန်းမာရေးကို
စောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို သဘာပတိ ကျန်းမာရေးဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင် က ပြောကြားပါသည်။ အဲဒီနောက် အုပ်စုလိုက် ဆွေးနွေးချက်များကို
တင်ပြကြရာ တက်ရောက် လာကြသူများမှ အကြံပြု ဖြည့်စွက် ဆွေးနွေးကြပြီး ကျန်းမာရေး ဦးစီးဌာနမှ
ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒေါက်တာစိုးလွင်ငြိမ်းနှင့် ဆေးသိပ္ပံပညာ
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့် တို့က အလုပ်ရုံ ဆွေးနွေးပွဲမှ
ဆွေးနွေး တင်ပြချက်များနှင့် အကြံပြုချက်များအား ခြုံငုံသုံးသပ်၍ ပြန်လည်ဆွေးနွေး တင်ပြပါတယ်။
အဲဒီနောက် ပါမောက္ခ ဒေါက်တာမြဦး က နိဂုံးချုပ် အမှာစကား ပြောကြားကာ အလုပ်ရုံ ဆွေးနွေးပွဲ
အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
No comments:
Post a Comment