Tuesday, June 10, 2014

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် လူသားချင်းစာနာ ထောက်ထားရေး ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယ ပူးပေါင်းညှိနှိုင်းရေးမှူး မစ္စ ကျွမ်န်ဝခမ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဇွန်လ(၁၀)ရက်နေ့ မွန်းတည့် (၁၂)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရေးနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုအပေါ် အရေးပေါ် တုံ့ပြန်မှု စသည့် ကိစ္စရပ်များကို ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

No comments:

Post a Comment