Sunday, June 8, 2014

အန်ဒါမြို့ရှိ ဒိုင်ကိုစ့် စားသောက်ဆိုင်မှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့



တရုတ်နိုင်ငံ ဟေလုံဂျန်ပြည်နယ် အန်ဒါမြို့ရှိ ဒိုင်ကိုစ့် စားသောက်ဆိုင်မှာ ဇွန်လ (၈)ရက်နေ့ မနက်ပိုင်းက ပြင်းထန်တဲ့ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ရဲအရာရှိ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ စားသောက်ဆိုင်မှာ ပေါက်ကွဲမှု (၂)ရပ် ဖြစ်ပွားခဲ့ပြီးနောက် လူအများဟာ ဆိုင်အပြင်သို့ ထွက်ပြေးလာခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါသည်။ ဒိုင်ကိုစ့်ရှိ အလုပ်သမားက အရေးပေါ်ခေါ်ဆိုမှုပြုပြီး (၂)မိနစ်အကြာမှာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ ရဲတပ်ဖွဲ့ဝင်(၃)ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်(၂)ဦးမှာ မီးလောင်ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှုကို ခံယူခဲ့ကာ ကျန်တစ်ဦးမှာတော့ ဒဏ်ရာရရှိမှု ဆိုးဝါးကြောင်း သိရပါသည်။ အဆိုပါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမှာ ဖြစ်ကြောင်းနှင့် အဲ့ဒီ့နေရာဒေသများမှာ လုံခြုံရေးများ တင်းကြပ်ထားကြောင်း သိရပါသည်။


No comments:

Post a Comment