Sunday, June 8, 2014

အက်သစ်ဖ့်လင့်ခ်ရာ စက်ရုပ်အရိုးငြမ်းထည် ဝတ်စုံတစ်ခုကို တီထွင်ခဲ့



ဂျပန်နိုင်ငံရဲ့ အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်သူ ပင်နာဆောနစ်ရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ အက်သစ်ဖ့်လင့်ခ်ရာဟာ စက်ရုပ်အရိုးငြမ်းထည် ဝတ်စုံတစ်ခုကို တီထွင်ခဲ့ပြီး ဝတ်ဆင်သူကို မဟာ လူသားအင်အားရရှိစေမယ်လို့ ကတိပြုထားပါသည်။ နင်ဂျာလို့အမည်ပေးထားပြီး ဝတ်စုံဟာ အေးလီးယန်း(၂)ဇာတ်ကားမှာ ပါဝင်လို့ ကျော်ကြားခဲ့ကြောင်း သိရပါသည်။ နင်ဂျာဝတ်စုံဟာ ၄င်းရဲ့ အလေးချိန်ရဲ့ (၃)ဆလောက်ကို ပင့်မနိုင်ကြောင်း သိရပါသည်။ ကီလိုမီတာ (၆၀)အထက်ကို ပင့်မနိုင်ပြီး (၂၀ဝ၉)ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ဝတ်စုံကတော့ စစ်ရေးနဲ့ သဘာဝဘေးအန္တရာယ်များတွင် ဆောင်ရွက်ရန် တီထွင်ခဲ့ပြီး ၄င်းအလေးချိန်ရဲ့ (၄)ဆအထိ ပင့်မနိုင်ပါသည်။ ဒါပေမဲ့ ယခုဒုတိယအကြိမ် ဖန်တီးတဲ့ နင်ဂျာကတော့ နေ့စဉ်လုပ်ငန်းဆောင်တာများမှာ အသုံးပြုနိုင်ဖို့ ဖန်တီးထားပြီး အလေးအပင်မဖို့ လိုအပ်မဲ့ လုပ်ငန်းစဉ်များရှိရာ ကုန်လှောင်ရုံများနဲ့ စိုက်ပျိုးမွေးမြူရေးခြံများတွင် အသုံးပြုနိုင်ရန် စီမံထားကြောင်း သိရပါသည်။ ယခုယန္တယားဟာ တိုက်ရိုက်အား သက်ရောက်မှု တုံပြန်မှုကို အခြေခံတည်ဆောက်ထားကြောင်းနဲ့ စနစ်မှာပါဝင်တဲ့ ဆင်ဆာများဟာ အသုံးပြုသူရဲ့ ဦးတည်ရာ လည်ပတ်ပုံနဲ့ ဖိအားရဲ့ သက်ရောက်မှုကို မှတ်ယူထားပြီး နင်ဂျာကတော့ ပြည့်ဝတဲ့ အားအင်အဖြစ် အသွင်ပြောင်းပေးမှာ ဖြစ်ကြောင်း သိရပါသည်။ ဝတ်စုံရဲ့ အရွယ်အစားကို လျော့ချနိုင်ဖို့ ကုမ္ပဏီအနေဖြင့်မျှော်လင့်ထားပြီး ၄င်းရဲ့ဝတ်စုံကိုတော့ လာမဲ့(၃)နှစ်တွင် ဈေးကွက်သို့ ရောင်းချနိုင်ရန် ပြင်ဆင်နေကြောင်း သိရပါသည်။


No comments:

Post a Comment