ယူကရိန်းရဲ့
မြို့တော်ကိဗ်ရှိ ပြင်သစ်သံရုံး အပြင်ဘက်တွင် နိုင်ငံရေး လှုပ်ရှားတက်ကြွ သူများ ဆန္ဒပြခဲ့ကြပြီး
ရဟတ်ယာဉ်တင် စစ်သင်္ဘောများ ရုရှားကိုရောင်းရန် ယူရို(၁.၂)ဘီလီယံ အပေးအယူကိစ္စကို ပယ်ဖျက်ပေးရန်
ပြင်သစ်နိုင်ငံကို မေတ္တာရပ်ခံ ခဲ့ကြကြောင်း သိရပါသည်။ ပြင်သစ် နိုင်ငံကတော့ စာချုပ်ပယ်ဖျက်ခြင်း
ကိစ္စကတော့ ငွေကြေးဆိုင်ရာ ဆုံးရူံးနစ်နာမှုများ ရှိလာနိုင်ကြောင်းနှင့် ရုရှားနိုင်ငံထက်
ပြင်သစ်နိုင်ငံက ပိုမိုထိခိုက် နစ်နာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် အပေးအယူ
ကိစ္စကို အောက်တိုဘာလမှာ ပြန်လည်ဆန်းစစ် သွားမှာဖြစ်ကြောင်း ပြင်သစ်နိုင်ငံက ပြောကြားခဲ့သော်လည်း
ပြင်သစ် သံတမန်များရဲ့ ပြောကြားချက်အရ ရဟတ်ယာဉ်တင် သင်္ဘောနှစ်စီး အရောင်းအဝယ် ကိစ္စဟာ
(၂၀၁၁)ခုနှစ်က စာချုပ်ချုပ်ဆိုခဲ့ကြောင်း ရုရှားကလည်း ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း
သိရပါသည်။ ပြင်သစ်နိုင်ငံသည် စစ်သင်္ဘောများကို အခြားဝယ်ယူသူ တစ်ဦးကိုလည်း ရောင်းချနိုင်ကြောင်း
တာဝန်ရှိသူများက သုံးသပ်ခဲ့ကြ ပါသည်။ ရုရှားရေတပ် တပ်ဖွဲ့ဝင် (၄၀ဝ)လောက်ဟာ သင်တန်းပေးခြင်း များကိုလည်း လက်ခံရရှိရန် ယခုလထဲတွင်
ပြင်သစ်နိုင်ငံကို သွားရောက်ကြမည်ဟု သိရပြီး ရဟတ်ယာဉ်တင် သင်္ဘောများဟာ ရဟတ်ယာဉ် (၁၆)စီးနဲ့အထက်
တင်ဆောင်နိုင်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment