Sunday, June 1, 2014

အင်ဒိုနီးရှားနိုင်ငံ ဆန်ဂီယန် မီးတောင် ဆက်လက်လှုပ်ခတ်



အင်ဒိုနီးရှားနိုင်ငံ ဆန်ဂီယန် မီးတောင်ဟာ မေလ (၃၁)ရက်နေ့ စနေနေ့က စတင် လှုပ်ရှားလာပြီး ဇွန်လ (၁)ရက်နေ့ အထိ ဆက်လက်လှုပ်ခတ် နေကြောင်း သိရပါသည်။ မီးတောင်မှ ပေါက်ကွဲမှုကြောင့် ဒွန်ပူမြို့နှင့် ဘီမာမြို့ အနောက်ထိ ရောက်ရှိခဲ့ပါသည်။ ၎င်း မီးတောင်သည် (၄)ကြိမ်အထိ ပေါက်ကွဲခဲ့တာ ဖြစ်ပါသည်။ ၎င်း မီးတောင် ပေါက်ကွဲမှုကြောင့် တမ်ဘိုလက်နှင့် ဘီမာလေဆိပ်ကို ပိတ်ထားခဲ့ရသည်။ မီးတောင်မှ ထွက်ရှိလာတဲ့ ပြာမှုန့်များကြောင့် အနီးဝန်းကျင် ဒေသရှိ လူအများအနေနဲ့ မျက်နှာဖုံးများကို အသုံးပြု တပ်ဆင်ခဲ့ကြ ရသည်။ မီးတောင်မှ ထွက်ရှိတဲ့ ပြုမှုန်များဟာ ကောင်းကင်ယံထက် ပျံနှံနေတဲ့အတွက် ဒါဝင်လေဆိပ်ကိုလည်း ပိတ်ထားခဲ့ရ ပါသည်။ အင်ဒိုနီးရှားသည် နိုင်ငံတကာတွင် မီးတောင်ရပ်ဝန်း ဒေသမှာ တည်ရှိနေသည့်အတွက် မီးတောင်လှုပ်ရှားမှု (၁၃၀)နီးပါး လှုပ်ခတ်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment