အားကစား အဆင့်အတန်း
မြင့်မားခြင်းသည် နိုင်ငံတော်နှင့် လူမျိုး၏ ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် အခြေအနေကို
ဖော်ပြနေတာ ဖြစ်သည့်အတွက် ရှမ်းပြည်နယ် အတွင်းရှိ ရွက်ပုန်းသီး ကစားသမားများ ထွက်ပေါ်လာစေရန်
ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ပြီး ဇွန်လ(၁၀)ရက် မနက်က ရှမ်းပြည်နယ် တောင်ပိုင်း
တောင်ကြီးမြို့ ကျောက်တိုင်ကွင်းရှိ ပြည်နယ် အားကစား ခန်းမတွင် ၂၀၁၄ ခုနှစ် ပြည်နယ်
အစိုးရ အဖွဲ့ဖလား ခရိုင်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောနှင့် ဘက်စကတ်ဘော
ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင် အသင်းများ အားကစားကွင်း အတွင်း
နေရာယူပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အမှာစကား ပြောကြားပြီးနောက်
ပြိုင်ပွဲကို ဖွင့်လှစ် ပေးလိုက်သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများ အားကစား သစ္စာ
အဓိဋ္ဌာန် ရွတ်ဆိုခဲ့ပါတယ်။ ဘတ်စကက်ဘော ပြိုင်ပွဲ ပထမပွဲစဉ် အဖြစ် တောင်ကြီးခရိုင် အမျိုးသား
ဘတ်စကက်ဘော အသင်းနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အမျိုးသား ဘတ်စကက်ဘော
အသင်းတို့ စတင် ယှဉ်ပြိုင်ကစားခဲ့ ကြသည်။ ယခု ကျင်းပပြုလုပ်သော ပြိုင်ပွဲတွင် ခရိုင်
(၁၂)ခုမှ ဘတ်စကက်ဘော အသင်း (၁၃)သင်း၊ ဘော်လီဘော အသင်း(၉)သင်းတို့ ပါဝင် ယှဉ်ပြိုင်မည်
ဖြစ်ကြောင်း သတင်ရရှိပါသည်။
No comments:
Post a Comment