ပထမအကြိမ်
အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး န၀မနေ့ကို ဇွန်လ (၁၁)ရက်နေ့တွင် ကျင်းပရာ ဥပဒေကြမ်း
ကော်မတီက အမျိုးသား ပညာရေး ဥပဒေကြမ်း၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်(ဖ်)
ဥပဒေကို ပြင်ဆင်သည်။ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကို ဖတ်ကြားခြင်း၊
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်
စပ်လျဉ်းသည့် အစီရင်ခံစာ တင်သွင်းခြင်း၊ ယင်း ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး တပ်မတော်သား
ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ဒုတိယအကြိမ်
ပြင်ဆင်သည်။ ဥပဒေကြမ်းနှင့် အစီရင်ခံစာကို တင်သွင်းခြင်း၊ တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုခြင်း၊
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဥပဒေအမှတ် ၂/၂၀၁၀)ကို ပ်ြငဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဖတ်ကြားတင်သွင်း
ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
No comments:
Post a Comment