Sunday, June 8, 2014

ဝန်ထမ်း များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ



ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံး၊ မြို့နယ်ရုံးနှင့် ပင်လုံမြို့နယ် ခွဲရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်း များ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ(၈)ရက် နံနက်(၉) နာရီက ၎င်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး မှ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ဝန်ထမ်း သား/သမီးတစ်ဦးအား ဂုဏ်ပြုဆုငွေ ကျပ်ငါးသောင်းကို ပေးအပ်ပြီးနောက် ရုံးဝန်ထမ်းမိသားစု အထက်တန်း အဆင့်  ၊အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများကို ကျောင်းဝတ်စုံ၊ စာရေးကိရိယာ နှင့် ထောက်ပံ့ကြေးငွေများကို ပေးအပ်ခဲ့သည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ကျောင်းသူ ၃၂ ဦးအတွက် ပစ္စည်း နှင့်ထောက်ပံ့ကြေးငွေ စုစုပေါင်း ကျပ်(၄၇၀ဝ၀ဝ) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment