Sunday, June 8, 2014

ကျောင်းများတွင် သွေးလွန် တုတ်ကွေးရောဂါ ကာကွယ်ရေး ဆောင်ရွက်



ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေစဉ် ခြင်အန္တရာယ် ကင်းဝေးစေရေးနှင့် ခြင်ကြောင့် ဖြစ်တတ်သော ရောဂါများ ကင်းဝေးစေရေး၊ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြိတ်မြို့ မြစ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် အထောက်အကူပြု ကော်မတီဝင်များက ကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဇွန်လ (၈)ရက်နေ့ နံနက်(၈)နာရီက စတင်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အမက (မူလွန်) ဗဟိုကျောင်း နှင့် အထက (၃) ကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မ များက ပူးပေါင်း ပါဝင်ဆောင်ရွက် ခဲ့ကြပါသည်။ ထို့အတူ ရပ်ကွက် အတွင်းရှိ ကျန်ရှိသော ကျောင်းများနှင့် လူနေအိမ်များတွင်လည်း ပြည်သူများ ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment