ပိုလန်နိုင်ငံမှာရှိတဲ့ သိပ္ပံပညာရှင်များဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အရည်အသွေးပြည့်မှီတဲ့
သစ်သီးသစ်ရွက်ဆီကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် ယုံကြည်လျက်ရှိကြောင်း သိရပါသည်။
၎င်းဆီကို (Drop of Health)လို့ ခေါ်ပြီး ကျန်းမာရေးအတွက် များစွာ အထောက်အပံ့ပေးနိုင်မယ်လို့
သိရပါသည်။ မုန်ညှင်းစေ့ကနေ ထုတ်လုပ်ထားတဲ့ ၄င်းဆီဟာ ဈေးဝယ်စင်တာများမှာ ရရှိနိုင်တဲ့
လက်ရှိဆီများထက် အိုမီဂါ-၉နဲ့ အိုမီဂါ-၃တို့ အပါအဝင် မပြည့်ဝဆီနဲ့ အန်တီအောက်ဆီဒန့်စ်
ပါဝင်မှုပိုမိုမြင့်မားနေကြောင်းနဲ့ အန်တီအောက်ဆီဒန့်စ်များစွာ ပါဝင်တဲ့အတွက် ကင်ဆာရောဂါနဲ့
ဆက်စပ်နေတဲ့ ရောဂါများကိုလည်း ကာကွယ်တားဆီးနိုင်ကြောင်း ပိုလန်သိပ္ပံအကယ်ဒမီမှ စီမံကိန်းမန်နေဂျာက
ပြောကြားခဲ့ပါသည်။ ထို့အပြင် စိုက်ပျိုးခြင်းနဲ့ ထုတ်လုပ်ခြင်း နည်းလမ်းများဟာလည်း
ဈေးထဲရှိ လက်ရှိဆီများထက် အဆင့်မြင့်မားကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့တယ်လို့
သိရပါသည်။
No comments:
Post a Comment