Sunday, June 8, 2014

(၄)ကြိမ်မြောက် နိုင်ငံတကာ စွမ်းအင် ထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြပွဲ



 တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပနေပြီ ဖြစ်တဲ့  (၄)ကြိမ်မြောက် နိုင်ငံတကာ စွမ်းအင် ထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပြပွဲမှာ လက်ကိုင်ဖုန်းများကို ပြန်လည်အသုံးပြုနိုင်မဲ့ စက်တစ်မျိုးကို ပြသထားပြီး ၄င်းစက်ကို အသုံးပြုပြီး လက်ကိုင်ဖုန်းကို အလွယ်တကူ ရောင်းချနိုင်လို့ စိတ်ဝင်စားမှုများ အာလုံးဟာ ဒီစက်ပေါ်တွင် စုပြုံနေခဲ့ကြောင်း သိရပါသည်။ (Income Resource Recovery Recycling) ကုမ္ပဏီရဲ့ အင်ဂျင်နီယာနဲ့ ထုတ်လုပ်သူ ဟုရန်းကတော့ စက်အသုံးပြုပုံကို လက်တွေ့ပြသခဲ့ပါသည်။ ဒီစက်ကြီးအပြင် ပလပ်စတစ် ပုလင်းများကို ပြန်လည်အသုံးပြုနိုင်အောင် ဖန်တီးတဲ့ စက်သစ်ကြီးကလည်း ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနေပြန်ပါသည်။ ၄င်းစက်ကြီးအတွင်းကို ပလပ်စတစ်ပုလင်းများ ထည့်ပြီး မိမိတို့ရဲ့ ဖုန်းနံပါတ်များကို စက်အတွင်းသို့ ထည့်သွင်းခဲ့ရင်တော့ ထည့်သွင်းသူရဲ့ ဖုန်းအကောင့်အတွင်း ငွေအတိုင်းအတာတစ်ခုကို ရရှိစေမှာ ဖြစ်ပါသည်။ ဘေဂျင်းရှိ ကားမှတ်တိုင်များ ရထားမှတ်တိုင်များနဲ့ ဘူတာများတွင် ဒီစက်ကြီးများကို အခု(၄၀ဝ)အထိ တပ်ဆင်ထားပြီး ဒီနှစ်ကုန်မှာ (၁၀ဝ၀)အထိ တိုးမြင့်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ထို့အပြင် ကုမ္ပဏီအနေနဲ့ အီလက်ထရောနစ်ပစ္စည်းများနဲ့ အမှိုက်များကို ပြန်လည်အသုံးချနိုင်မဲ့ ဗန်ကား တစ်စီးကိုလည်း ပြသထားပြန်ပါသည်။  ၄င်းကားများရဲ့ လုပ်ဆောင်မှု အချက်အလက်များကိုတော့ ကုမ္ပဏီက မှတ်တမ်းတင်ထားမှာ ဖြစ်ကြောင်း သိရပါသည်။ ၄င်းပွဲကို (၄)ရက်ကြာ ပြသသွားမှာဖြစ်ပြီး ကုမ္ပဏီပေါင်း (၃၄၆)ခုကို ဆွဲဆောင်ထားနိုင်ကြောင်း သိရပါသည်။


No comments:

Post a Comment