ပထမအကြိမ် အမျိုးသားလွှတ်တော်
ဒဿမပုံမှန် အစည်းအဝေး ဒဿမနေ့ကို ဒီကနေ့ ဇွန်လ (၁၂)ရက် မနက် (၁၀)နာရီက ကျင်းပရာ မြန်မာနိုင်ငံတွင်
အရက်သေစာ သောက်စားခြင်း၊ သယ်ဆောင် ရောင်းဝယ်ခြင်း၊ လုပ်ငန်းလိုင်စင်များ ထုတ်ပေးခြင်း
အနိမ့်ဆုံး အသက်အရွယ် ကန့်သတ်ချက်နှင့် အလွန်အကျွံ သောက်သုံးခြင်းနဲ့ စပ်လျဉ်းသည့်
ပညာပေး တားဆီးလှုံ့ဆော်ရေး အစီအစဉ်များ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ မော်တော်ယာဉ်နှင့်
စက်ယန္တရားများကို ချင်းပြည်နယ် အပါအဝင် နယ်စပ်ဂိတ်များမှ တင်သွင်းခွင့်ပြုရန် အစီအစဉ်
ရှိ၊ မရှိ၊ အထက်တန်း ကျောင်းများသို့ ခွင့်ပြုပေးသော အသုံးစရိတ်သုံးစွဲရေး ညွှန်ကြားချက်
ရှိ၊ မရှိ မေးခွန်းများ အပါအဝင် မေးခွန်း (၈)ခုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ
ဒုတိယဝန်ကြီးများက ပြန်လည် ဖြေကြားခဲ့ကြပါသည်။ ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ
ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမား ပေါင်းစည်း ညီညွတ်ရေး
ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်
(၄)ဦးတို့က ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြမှာ ဖြစ်ပါသည်။
No comments:
Post a Comment