Tuesday, June 10, 2014

လေဖြည့်ထားတဲ့ ကြီးမားတဲ့ သင်္ဘောအစီးသုံးဆယ်ဟာ ပင်လယ်ကြမ်းပြင်အောက်ရှိ ကိုစတာ ကွန်ဂိုဒီးယား သင်္ဘောပျက်ကို မတင်မည်

ကိုစတာ ကွန်ဂိုဒီးယား သင်္ဘောကြီးဟာ ဂစ်လီရိုကျွန်းပေါ်မှာ သုံးနှစ်နီးပါးကြာအောင် သောင်တင်နေခဲ့ပြီးနောက် ပြန်လည်ဆယ်ယူဖို့ ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါသည်။ လေဖြည့်ထားတဲ့ ကြီးမားတဲ့ သင်္ဘောအစီးသုံးဆယ်ဟာ ပင်လယ်ကြမ်းပြင်အောက်ရှိ ကိုစတာကွန်ဂိုဒီးယား သင်္ဘောပျက်ကို လာမဲ့ဇူလိုင်လမှာ မတင်မှာဖြစ်ပြီး ဂစ်လီရိုမှ အဝေးကို ဆွဲယူကာ ဆိပ်ကမ်းမှာ ဖြိုဖျက်မှာဖြစ်ပါသည်။ တန်ချိန်ပေါင်း (၁သိန်း၁သောင်း)ကျော်ရှိတဲ့ ၄င်းသင်္ဘောကြီးဟာ (၂၀၁၂)ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့မှာ ကျောက်ဆောင်များနဲ့ တိုက်မိခဲ့ပြီး လူပေါင်း(၃၂)ဦး သေဆုံးခဲ့ပါသည်။ ၄င်းသင်္ဘောကြီးကို (၂၀၁၃)ခုနှစ် စက်တင်ဘာလက ခက်ခက်ခဲခဲနဲ့ ဆွဲတင်ခဲ့ပေမဲ့ အပိုင်းအစများကတော့ ကျန်ရှိနေဆဲဖြစ်ကာ ၄င်းသင်္ဘောကြီးဟာ ဟောလီးဒေးကျွန်းရဲ့ အပြင်ဘက် ဆိပ်ကမ်းငယ်တစ်ခုမှာ တိမ်းမှောက် ခဲ့တာဖြစ်ပါသည်။ ၄င်းသင်္ဘောကို ပြန်ဆယ်ယူခြင်းဟာ သင်္ဘောပျက်တွေကို ပြန်ဆယ်ယူခြင်းမှာ ကုန်ကျစရိတ်အများဆုံး ဖြစ်လာနိုင်ကြောင်းနဲ့ ဒေါ်လာ(၈၁၅)သန်းကျော် ကုန်ကျမှာဖြစ်ပြီး အာမခံကြေး ဆုံးရှုံးမှုစုစုပေါင်း (၁.၁)ဘီလီယံကျော်ရဲ့ တစ်ဝက်ကျော်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment