ပါကစ္စတန်နိုင်ငံ ကရာချိလေဆိပ်ရှိ လုံခြုံရေး သင်တန်းကျောင်းကို
သေနတ်သမားများက (၁၀-၆-၁၄) ရက် နေ့က သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။ ဒီပစ်ခတ်မှုဟာ
လေဆိပ်ရဲ့ ဝင်ပေါက်အဟောင်းမှာ ဖြစ်ပွားခဲ့တဲ့ လူ(၃၄)ဦးသေဆုံးမှု ဖြစ်ပွားပြီး (၄၈)နာရီအကြာမှာ
ဖြစ်ပွားခဲ့တာ ဖြစ်ပါသည်။ ပါကစ္စတန်ရှိ တာလီဘန် လက်နက်ကိုင်များက ဒီပစ်ခတ် တိုက်ခိုက်မှုဟာ
၎င်းတို့ရဲ့လက်ချက် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သေနတ်သမားများဟာ မော်တော်ဆိုင်ကယ်များပေါ်ကနေ
လေဆိပ်လုံခြုံရေးတပ်ဖွဲ့ (အေအက်စ်အက်ဖ်)အတွက် လေ့ကျင့်ပေးနေတဲ့ လုံခြုံရေးသင်တန်းကျောင်းကို
ပစ်ခတ်ခဲ့တာဖြစ်ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း (အေအက်စ်အက်ဖ်)မှ
ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။ ဒီဖြစ်ရပ်ကြောင့် သေဆုံးဒဏ်ရာရရှိမှုသတင်း ထုတ်ပြန်ခြင်းမရှိသေးကြောင်းနဲ့
(၁၀-၆-၁၄) ရက် နေ့ ကအစောပိုင်းက အာဖဂန်နယ်စပ်မှာရှိတဲ့ တာလီဘန် လက်နက်ကိုင်များရှိရာကို
ပါကစ္စတန် တိုက်ခိုက်ရေး လေယာဉ်များက ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
ပထမပစ်ခတ်မှုကြောင့် ကရာချိလေဆိပ်ရှိ ကုန်ပစ္စည်းများထားရှိရာ အဆောက်အဦးအတွင်းမှာ လူ(၇)ဦးပိတ်မိပြီး
သေဆုံးနေတာကို ကယ်ဆယ်ရေး အဖွဲ့များက တွေ့ရှိခဲ့ပြီး သေဆုံးသူဦးရေဟာ (၃၄)ဦးထိ မြင့်တက်လာကြောင်း
သိရပါသည်။ ၄င်းတို့(၇)ဦး ဟာ သေနတ်ပစ်ခတ်မှုမှာ အကာအကွယ်ယူရန် အဆောက်အဦးတွင်း ပုန်းခိုနေရာမှ
အဆောက်အဦး မီးလောင်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း လေဆိပ်တာဝန်ရှိသူများက ပြောကြားခဲ့တယ်လို့
သိရှိရပါသည်။
No comments:
Post a Comment