ဗြိတိန်အိမ်ရှေ့မင်းသား ဝီလီယံဟာ ဘောလုံးအကျော်အမော် ဒေးဗစ်ဘတ်ခမ်းနှင့်
တွေ့ဆုံခဲ့ပြီး သားရဲတိရစ္ဆာန်များမှ ရရှိတဲ့ ထုတ်ကုန်များ တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရန်
အားကစား ကဏ္ဍမှတဆင့် လှုပ်ရှားမှု အသစ်တစ်ရပ် ဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
ကန်းဘရေစ့်မြို့စားဖြစ်တဲ့ မင်းသားဝီလီယံဟာ သားရဲတိရစ္ဆာန် ကာကွယ်ရေးအဖွဲ့ရဲ့ ဥက္ကဌ တစ်ဦးလည်းဖြစ်ပြီး
နောင်လာမဲ့ မျိုးဆက်သစ်များအနေနဲ့ မျိုးတုန်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရတဲ့
မျိုစိတ်များနှင့် ငွေအတွက် ၄င်းမျိုးစိတ်များကို သတ်ဖြတ်ရန် ကြိုးစားနေကြတဲ့ လူများအကြား
ဘယ်အရာကို ရွေးချယ်မလဲဆိုတဲ့ မေးခွန်းကို အဖြေထုတ်နိုင်ဖို့ (ဟူးစ် စိုက် အာ ယူ အွန်)ဆိုတဲ့
ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment