Tuesday, June 10, 2014

ကာခရုရှ် နည်းပညာတက္ကသိုလ်မှ သုတေသနပညာရှင်များဟာ ပိတုန်းတစ်ကောင်ရဲ့ အတွင်းပိုင်း လှုပ်ရှားမှု အသေးစိတ်ပုံရိပ်များကို ဖန်တီး

ဂျာမနီနိုင်ငံရှိ ကာခရုရှ် နည်းပညာတက္ကသိုလ်မှ သုတေသနပညာရှင်များဟာ ပိတုန်းတစ်ကောင်ရဲ့ အတွင်းပိုင်းလှုပ်ရှားမှု အသေးစိတ်ပုံရိပ်များကို ဖန်တီးခဲ့ပါသည်။ စီမံကိန်းညွှန်ကြားရေးမှူး သီလိုဘမ်းဘက်ခ်ျက ၄င်းအဖွဲ့ဟာ ဆီနီတိုမိုဂရပ်ဖီလို့ ခေါ်တဲ့ နည်းစနစ်တစ်ခု ဖွံ့ဖြိုးလာဖို့ ဆောင်ရွက်နေတာ ဖြစ်ကြောင်းနဲ့ ၄င်းစနစ်ဟာ တစ်စက္ကန့်လျှင် တူးဒီဓာတ်မှန်ပုံရိပ်များ တစ်သိန်းအထိ ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၄င်းစနစ်ဟာ အရည်အသွေး ပိုမိုကောင်းမွန်ပြီး သရီးဒီရုပ်ရှင်ရုံနဲ့ ဆင်တူပေမဲ့ လားရာ နှစ်ဘက်မှမဟုတ်ဘဲ (၁၀ဝ၀)မှ ကြည့်ရှုနိုင်ကြောင်းလဲ ပြောကြားခဲ့ပါသည်။ ဇီဝဗေဒပညာရှင် (သော့မတ်စ်ဗန်းဒီခမ်ပ်)က အင်းဆက်ပိုးမွှားများမှာ လျှို့ဝှက်ချက်များစွာရှိပြီး ၄င်းတို့ဟာ စက်ရုံများအတွက် စက်ပစ္စည်းအသစ်များ ဖန်တီးဖို့ အင်ဂျင်နီယာများကို ကူညီမှုပေးနိုင်ကြောင်း ကမ္ဘာပေါ်မှာ အင်းဆက်မျိုးစိတ် များစွာရှိပြီး ၄င်းတို့ဟာ ရှာဖွေတွေ့ရှိမှုအတွက် သတင်းအချက်အလက် ကြွယ်ဝကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment