(၁၀-၆-၁၄) ရက်နေ့က တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ မူလတန်းကျောင်း
တစ်ကျောင်းမှ ဆရာနဲ့ ကလေးငယ် (၅၂)ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးထားသူကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း
သိရပါသည်။ ကျန်းဆိုသူ အသက်(၆၀)အရွယ် တရားခံဟာ သေနတ်၊ဓါး လက်လုပ်ဗုံး၊ ဓါတ်ဆီပုလင်း
များကိုပါ ကိုင်ဆောင်လာတာ ဖြစ်ပါသည်။ တခြားဆရာများနဲ့ ညှိနှိုင်းနေစဉ် ရဲတပ်ဖွဲ့အရာရှိများ
ရောက်ရှိလာပြီး ဆရာက ကလေးတွေ လွှတ်ပေးရင် ညှိနှိုင်းမယ်လို့ စွန့်စားပြောဆို ခဲ့ပါသည်။
တရားခံဟာ ယခုနှစ်မှာမှ ထောင်က ထွက်လာသူ ဖြစ်ပါသည်။ တာဝန်ရှိသူ တစ်ဦးကဆရာနဲ့ နေရာချင်းလဲပြီး
ဓါးစာခံအဖြစ် နေပေးခဲ့ပါသည်။ ဒါပေမဲ့လည်း မြို့တာဝန်ရှိသူကိုပါ ဓါတ်ဆီလောင်းဖို့ ကြံခဲ့တဲ့အတွက်
အသေပစ်ခတ်ခဲ့ရတာ ဖြစ်ကြောင်းနဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment