Wednesday, June 11, 2014

နေမှထင်ရှားတဲ့ မီးတောက်မီးလျှံ နှစ်ခုထွက်ရှိခဲ့ကြောင်း နာဆာက ထုတ်ပြန်

ဇွန်လ (၁၀)ရက်နေ့က နေမှထင်ရှားတဲ့ မီးတောက်မီးလျှံ နှစ်ခုထွက်ရှိခဲ့ကြောင်း နာဆာက ထုတ်ပြန်ခဲ့ပါသည်။ မနက်ခင်း အစောပိုင်း(၇)နာရီ (၅၁)မိနစ်နဲ့ (၈)နာရီ (၅၂)မိနစ်တို့မှာ ထွက်ရှိလာခဲ့ကြောင်း နေရဲ့မီးလျှံများကို သာမန်မျက်စိနဲ့တော့ ပုံမှန်အားဖြင့် မမြင်ရကြောင်း နာဆာရဲ့ ဆိုလာဒိုင်းနမစ် စောင့်ကြည့်ရေးမှ မီးလျှံနှစ်ခုစလုံးကို မှတ်တမ်းတင် နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုတစ်ခါ မီးလျှံဟာ အိက်စ်အဆင့်ရှိပြီး ပြင်းထန်ကြောင်း ကမ္ဘာမြေထုကို ထိခိုက်နိုင်မဲ့ အလားအလာတော့ မရှိကြောင်း၊ ဒါပေမဲ့ ဂျီပီအက်စ်နဲ့ ဆက်သွယ်ရေး ကိစ္စတွေမှာတော့ ထိခိုက်နိုင်ချေ ရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment