Thursday, June 12, 2014

(၁၂) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ၀န်ကြီးများ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကျင်းပ

(၁၂) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ၀န်ကြီးများ အစည်းအဝေး (12th Conference of The ASEAN Ministers Responsible for Information) (12th AMRI) ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၁၂) ရက်နေ့ နံနက် (၉)နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟို ဌာန (MICC -2) တွင် ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ ပြည်ထောင်စု ၀န်ကြီးများ၊ အာဆီယံ နိုင်ငံများနှင့် ဆွေးနွေးဖက် သုံးနိုင်ငံ ဖြစ်သော တရုတ်၊ ဂျပန်နှင့် ကိုရီးယား သမ္မတ နိုင်ငံတို့မှ ပြန်ကြားရေးဆိုင်ရာ ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံနှင့် ဆွေးနွေးဖက် သုံးနိုင်ငံမှ ပြန်ကြားရေး ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ လေ့လာသူများ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ 

No comments:

Post a Comment