ကျန်းမာရေး စောင့်ရှောက်မှု
လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်ရေး အတွက် ကျန်းမာရေး ကဏ္ဍ ငွေရှာဖွေ ဖြည့်တင်းရေး
အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၁၂) ရက်နေ့ မွန်လွဲ (၁)နာရီတွင်
နေပြည်တော်ရှိ Royal Kumudra Hotel, Ball Room တွင် ကျင်းပရာ အမျိုးသား ကျန်းမာရေး
ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာစကားပြောကြားပါသည်။
အခမ်းအနားသို့ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ ဒုတိယ ၀န်ကြီးများ၊
ကျန်းမာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခများ၊ အစိုးရ မဟုတ်သည့်
လူမှုရေး အဖွဲ့အစည်းများ၊ ပြည်သူ့ ကျန်းမာရေး ပညာရှင်များနှင့် ကျန်းမာရေး ဘောဂ ဗေဒ
ပညာရှင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးများ၊ အငြိမ်းစား ဆေးပညာရှင်ကြီးများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
No comments:
Post a Comment