Wednesday, June 11, 2014

ပြည်နယ်ဝန်ကြီးချုပ် ဒိုင်းခရိုင်ပေါင်းစုံ အမျိုးသား/ သမီး ဘောလီဘော ပြိုင်ပွဲဖွင့်ပွဲအားပေး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဒိုင်း ခရိုင်ပေါင်းစုံ အမျိုးသား/သမီး ဘော်လီဘောပြိုင်ပွဲ ကွင်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၁၀)ရက်က စစ်တွေမြို့ ဝေသာလီ အားကစားခန်းမမှာ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က အဖွင့်အမှာစကား ပြောကြားပြီး ဖွင့်ပွဲအမျိုးသား ပွဲစဉ်အဖြစ် စစ်တွေခရိုင်အသင်းနှင့် ကျောက်ဖြူခရိုင်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ပါသည်။ ပြည်နယ်ဝန်ကြီးချုပ်သည် နေ့လည်(၃)နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး။ အစည်းအဝေးခန်းမမှာ ပြုလုပ်သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၄)သို့ တက်ရောက်ပြီး ပြည်နယ်အတွင်း ကယ်ဆယ်ရေး စခန်းများ ရှိသည့်မြို့နယ်များတွင် လူနေအဆောက်အဦးများ အမြန်ဆုံးပြုပြင် မွမ်းမံရေး၊ ရိက္ခာဖြန့်ဝေရေး၊ ပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် စခန်းအလိုက် လိုအပ်သည်များကို သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးမှ မိမိတို့တာဝန်ကျ စခန်းများအား အမြဲစောင့်ကြည်လေ့လာလျက် ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သည့် ပဋိပက္ခအခြေအနေမျိုး နောင်လုံးဝမဖြစ်ပေါ် စေရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီ အလိုက် စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးလျက် ကယ်ဆည်ရေးစခန်းများ၏ လိုအပ်ချက်များအပေါ် လေ့လာစောင့်ကြည့် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်းဖြင့် မှာကြားပါတယ်။ ထို့နောက် ကယ်ဆယ်ရေးစခန်းများ၏ စက်သုံးဆီသုံးစွဲမှု၊ ရရှိအလှူငွေအား သုံးစွဲမှုအခြေအနေများနှင့် ပတ်သက်၍ အဆုံးအဖြတ်ခံယူရမည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် ကယ်ဆယ်ရေး ပစ္စည်း ထောက်ပံ့ရေးလုပ်ငန်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်း၊ ပစ္စည်းလက်ခံဖြန့်ဖြူးရေးနှင့် ပို့ဆောင်ရေးလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ ဘဏ္ဍာငွေထိန်းသိမ်းရေးနှင့် အလှူငွေလက်ခံရေးလုပ်ငန်း၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်း၊ လုံခြုံရေး၊ စာရင်းကောက်ယူရေးနှင့် စာရင်းပြုစုထိန်းသိမ်းရေ လုပ်ငန်းဆပ်ကော်မတီ များက၄င်း၊ ကယ်ဆည်ရေးစခန်းနယ်မြေ (၁၃)ခုတာဝန်ခံများမှ၎င်း၊ သက်ဆိုင်ရာကဏ္ဍအလိုက်၊ စခန်းအလိုက်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့်  လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါတယ်။ ယင်းနောက် တက်ရောက်သူများမှ အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် မှာကြားခဲ့ကြောင်း သိရပါတသည်။


No comments:

Post a Comment