ပဲခူးတိုင်း ဒေသကြီး
ဝန်ကြီးချုပ် ဦးဥာဏ်ဝင်းသည် ဇွန်လ(၁၀)ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး
ခန်းမမှာ ကျင်းပသော ပဲခူးတိုင်း ဒေသကြီး ခရိုင်/မြို့နယ် စည်ပင်သာယာရေး အဖွဲ့များ၏
နှစ်ပတ်လည်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကား ပြောကြားရာတွင် မြို့ရွာများ ဖွံ့ဖြိုးတိုးတက်ရန်
အတွက် စည်ပင်သာယာ ဝန်ထမ်းများတွင် တာဝန်ရှိကြောင်း၊ အခွန်အခများအား သတ်မှတ်ချက်နှင့်
အညီ ကောက်ခံသွားကြရန် စည်ပင်သာယာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ လုပ်ဆောင်သွားကြရန်
လိုကြောင်း၊ သောက်သုံးရေများ ကျန်းမာရေးနှင့် ညီမညီ စစ်ဆေးသွားကြရန်နှင့် လုပ်ငန်းများ
အောင်မြင်ရန်အတွက် ပြည်သူလူထုအား စည်းရုံးသွားကြရန် လိုကြောင်း မှာကြားခဲ့ပါတယ်။ အဲဒီနောက်
ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးမှ မြို့နယ် စည်ပင်သာယာရေး
အဖွဲ့ (၂၈)ဖွဲ့တို့၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေး ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်
ပြီးစီးမှုများနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ရန် လျာထားချက်များအား ရှင်းလင်းတင်ပြပြီး
ခရိုင်အဆင့် ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင် အရာရှိများမှ လုပ်ဆောင်ချက်မျာအား
တင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment