Sunday, June 1, 2014

ဆီးရီးယားမှ ဒုက္ခသည် (၃)ရာကျော်ကို အီတလီ ကမ်းခြေစောင့်တပ်က ကယ်ဆယ်မှု ပြုလုပ်ခဲ့ပုံ ဗီဒီယိုကို ပြသခဲ့ကြောင်း



အီတလီနိုင်ငံ စစ္စလီကျွန်း ပွာတိုအမ်ပီဒိုကယ်သို့ ရောက်ရှိလာတဲ့ ဆီးရီးယားမှ ဒုက္ခသည် (၃)ရာကျော်ကို အီတလီ ကမ်းခြေစောင့်တပ်က မေလ (၃၁)ရက်နေ့က ကယ်ဆယ်မှု ပြုလုပ်ခဲ့ပုံ ဗီဒီယိုကို ပြသခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဒုက္ခသည်များမှာ အမျိုးသမီးများ ကလေးငယ်များ ပါဝင်ပြီး မြောက်အာဖရိကမှ စက်လှေများဖြင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အဆိုပါ ဆီးရီးယား ဒုက္ခသည်များဟာ မေလ(၃၀)ရက်နေ့ ညနေပိုင်းက ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ်နဲ့ ယခုနှစ်အတွင်း မြောက်အာဖရိကကို ဖြတ်ကျော်ပြီး ဆီးရီးယား ဒုက္ခသည်(၄၃၀၀၀)ခန့် ရောက်ရှိလာပြီး ဖြစ်ကြောင်း ကမ်းခြေစောင့်တပ်က ပြောကြားခဲ့ပါသည်။ အာရပ်နွေဦးရာသီ တော်လှန်ရေး ဖြစ်ပေါ်ချိန်မှစပြီး နှစ်စဉ်လိုလို ၎င်းတို့နေရာကို စွန့်ခွာပြီး အခြားဒေသများသို့ ရွေ့ပြောင်းနေထိုင် ကြကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment