ဆူဒန်နိုင်ငံ
တရားရုံးမှ သေမိန့်ချမှတ် ခံရတဲ့ ဘာသာပြောင်း အမျိုးသမီးကို သံတမန်ရေးရာ ဖိအားပေးမှုအရ
ရပ်တန့်လိုက်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါသည်။ မာရီယမ် လွတ်မြောက်ဖို့ သက်ဆိုင်ရာ
အာဏာပိုင်တွေက ကြိုးစားခဲ့ပြီး မကြာခင် လွတ်မြောက်ဖို့ မျှော်လင့်ရကြောင်း နိုင်ငံခြားရေး
ဝန်ကြီးဌာနအောက်ရှိ အတွင်းရေးမှူး အယ်လ်ဇာရတ်က ပြောကြားခဲ့ပါသည်။ အမေရိကန် ခရစ်ယာန်နဲ့
လက်ထပ်ပြီး အစ္စလာမ်ဘာသာ ပြန်ပြောင်းရန် ငြင်းဆိုမှုနဲ့ ဆူဒန်တရားရုံးက သူမကို သေမိန့်ချခဲ့တာ
ဖြစ်ပါသည်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် နိုင်ငံတကာ ဥပဒေကို မျက်ကွယ်ပြုပြီး မလုပ်သင့်ကြောင်း
ဗြိတိန်မှ ဆူဒန်သို့ တိုက်တွန်းခဲ့ပါသည်။ သေမိန့်ကျ အမျိုးသမီးဟာ ထောင်ထဲမှာ မိန်းကလေး
မွေးဖွားခဲ့ပြီးဒါဟာ ဒုတိယမြောက် ရင်သွေးလည်း ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment