စစ်ကိုင်းတိုင်းဒေသကြီး
မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနတို့
ပူးပေါင်းဖွင့်လှစ်သော ရှေးဦးကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး
မူလတန်း ဆရာမ သင်တန်းဆင်းပွဲကို ဇွန်လ(၇)ရက်နေ့ နံနက်က တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်ရေး
ကြီးကြပ်ရေး အဖွဲ့ရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး
မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆု ရရှိကြသော သင်တန်းသူများကို ဆုများနှင့် ဂုဏ်ပြုလက်မှတ်များ
ချီးမြှင့်ပေးအပ်သော သင်တန်းနည်းပြ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားကာ
အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment