မြန်မာနိုင်ငံ
စာရေးဆရာအသင်း စာရေးနည်းသင်တန်း (၄/၂၀၁၃) သင်တန်းသားများ၏ ပန်းစေတမန် စာအုပ်မိတ်ဆက်ပွဲနဲ့
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်လှူဒါန်းပွဲကို ဇွန်လ(၈)ရက်
နံနက်(၁၀)နာရီက မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေး ခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံ
စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်)က ဝမ်းမြောက်စကား ပြောကြားပြီး
မြန်မာနိုင်ငံ စာရေးဆရာအသင်း ဟောပြောဆွေးနွေး လေ့လာရေးနှင့် တိုင်းရင်းသားစာပေ လုပ်ငန်းကော်မတီ
ဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)မှ စာအုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် စာရေးနည်းသင်တန်း သင်တန်းသားများ ကိုယ်စား ဦးအေးမြင့်နဲ့ ဦးစံဝင်းတို့က မြန်မာနိုင်ငံ
စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ ပန်းစေတမန် စာအုပ်မျာကို ပေးအပ်လှူဒါန်းရာ ဖောင်ဒေးရှင်း
ဥက္ကဋ္ဌ ဦးမောင်မောင်က လက်ခံပြီး ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ပန်းစေတမန် စာအုပ်ထဲကမှ
စာဖတ်သူအကြိုက် ကဗျာ၊ဝတ္ထုနဲ့ ဆောင်းပါး(၃)ပုဒ်ကို အမှတ်တရ ဂုဏ်ပြုချီးမြှင့်ပြီး ဆုရရှိသူတစ်ဦးက
ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment