နိုင်ငံတကာမှ
ပြိုင်ပွဲဝင် အလှမယ် (၄၀)နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မစ်အေးရှား ပစိဖိတ်ဝေါလ်
(၂၀၁၄) နောက်ဆုံး အဆင့်ပြိုင်ပွဲကို မေလ(၃၁) ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌
ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အလှမယ် မေမြတ်နိုးက ပထမ၊ တောင်ကိုရီးယားမှ
ကင်မ်အီယာက ဒုတိယ၊ မကာအိုမှ ဟွိုင်မန်ချာတို့က တတိယ အသီးသီး ရရှိခဲ့ကြသည်။ မြန်မာအလှမယ်
မေမြတ်နိုးသည် အသက်(၁၈)နှစ် သာရှိသေးပြီး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် ပထမဆုံး သရဖူဆောင်း
နိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။ ပြိုင်ပွဲနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ
လုပ်ဆောင်ရန် ရှိတဲ့အတွက် အခြားဆန်ကာတင် အလှမယ်(၆)ဦးနှင့်အတူ တောင်ကိုရီးယားတွင် တစ်ပတ်ကြာ
ဆက်လက် နေထိုင်ရမှာ ဖြစ်ပြီး ဇွန်လ(၆) ရက်နေ့တွင် မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမည်
ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment