အမေရိကန်နိုင်ငံ
ဘောစတွန်အနီးတွင် ပုဂ္ဂလိကပိုင် လေယာဉ်တစ်စီး မေလ(၃၁)ရက်နေ့ စနေနေ့က ပျက်ကျခဲ့ကြောင်း
သိရသည်။ ၎င်းလေယာဉ် ပျက်ကျမှုကြောင့် လူ(၇)ဦး သေဆုံးခဲ့သည်။ ၎င်းလေယာဉ်သည် ဘောစတွန်မြို့၏ အနောက်မြောက်ဘက် မိုင်(၂၀)အကွာ မင်ဆာချူးဆက်
တက်ဖောဒ့်တွင် ပျက်ကျခဲ့တာ ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။ လေယာဉ်ဟာ မီးလောင်မှုကြောင့်
ပျက်ကျရခြင်း ဖြစ်ပြီး လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမှာ
ဖြစ်ကြောင်း လေယာဉ်ပျံသန်း မှုဆိုင်ရာ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment