Wednesday, July 30, 2014

ကျန်းမာရေး ဦးစီးဌာနမှ ဦးစီးပြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး အဖွဲ့မှ ဈေးဆိုင်များအား စစ်ဆေး



တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီ မြို့နယ်တွင် ကျန်းမာရေး ဦးစီးဌာနမှူး ဦးစီး၍ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး အဖွဲ့ဝင်များ လိုက်ပါလျက် မြို့ပေါ်ရပ်ကွက် အတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များနှင့် အသားငါး ဈေးဆိုင်များအား သန့်ရှင်းလတ်ဆတ်မှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှုရှိ/မရှိ၊ သတ်မှတ် အလေးချိန်အတိုင်း ရောင်းချမှုရှိ/မရှိနှင့် ကန့်သတ် တားမြစ်ထားသော ခြင်ဆေးခွေ အပါအဝင် အခြားလူသုံးကုန်များ ရောင်းချခြင်းရှိ/မရှိ စသည့်တို့ကို လစဉ်(၂)ကြိမ် ရှောင်တခင် စစ်ဆေးလျက်ရှိသည်။

No comments:

Post a Comment