Wednesday, July 30, 2014

ကျောင်းနေအရွယ် ကလေးများအား နွားနို့တိုက်ကျွေးခြင်း အခမ်းအနား ကျင်းပ



ကော့သောင်းခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် ပြုလုပ်သည့် ကျောင်းနေအရွယ် ကလေးများအား နွားနို့တိုက်ကျွေးခြင်း အခမ်းအနားကို ဇူလိုင် (၃၀)ရက် ကော့သောင်းမြို့ ရွှေပြည်စိုး ကျေးရွာအုပ်စု (၈)မိုင်ကျေးရွာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့ရာ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး က နွားနို့တိုက်ကျွေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့် ကျေးလက် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက နွားနို့သောက်ခြင်း၏ အကျိုးကျေးဇူများအား ပညာပေး ဟောပြောကြပြီး ကော့သောင်းခရိုင်/ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ကျောင်း အကျိုးတော်ဆောင် အဖွဲ့များ၊ ဆရာ / ဆရာမများ၊ ကျေးရွာ (ြွဥ) အဖွဲ့များက ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား နွားနို့ တိုက်ကျွေးကြသည်။ အဲဒီနောက် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ အဆိုပါ ကျေးရွာအုပ်စု အတွင်း အလားတူ ကျောင်းများမှ ကလေးသူငယ်များအား နွားနို့တိုက်ကျွေးနိုင်ရေး အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment