Thursday, July 31, 2014

မက္ကဆီကို စီးတီးမှ လူအများဟာ (၆၂)မီတာရှည်လျားတဲ့ ဆန်းဒ်ဝစ်ခ်ျတစ်ခုဖန်တီး

မက္ကဆီကို စီးတီးမှ လူအများဟာ (၆၂)မီတာရှည်လျားတဲ့ ဆန်းဒ်ဝစ်ခ်ျတစ်ခုကို ဇူလိုင်လ (၃၀)ရက်နေ့က  ဖန်တီးခဲ့ပြီး လက်တင်အမေရိကရဲ့ အကြီးဆုံးဆန်းဝစ်ခ်ျအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါသည်။ တော်တာလို့ အမည်ရတဲ့ ၄င်းဆန်းဝစ်ခ်ျကို ပြုလုပ်ဖို့ ဒေသခံအာဏာပိုင်များနဲ့ ကုမ္ပဏီ(၈၀)ကျော်မှ ဝန်ထမ်းများ ကူညီလုပ်ကိုင်ပေးခဲ့တာ ဖြစ်ပါသည်။ ၄င်းကို ပေါင်မုန့် ဆလတ်ရွက် ကြက်သွန်နှင့် အာလူးများ ပေါင်းစပ်ကာ အခြားဟင်းခတ် အမွှေးအကြိုင်များလဲ ပါဝင်ပြီး မုန့်ရဲ့အပိုင်းတစ်ပိုင်းစီကို အရသာတစ်မျိုးစီ ရရှိအောင် ပြုလုပ်ထားတာ ဖြစ်ပါသည်။ မက္ကဆီကိုရဲ့ ရိုးရာမုန့်ဖြစ်တဲ့ ဆန်းဝစ်ဟာ ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေတာကြောင့် မက္ကဆီကိုစီးတီးမှာ နှစ်စဉ် ပွဲများ ကျင်းပပြီး အကြီးဆုံးတော်တာများကို ယှဉ်ပြိုင်ပြုလုပ်တာ ဖြစ်ပါသည်။ ဂင်းနစ်မှတ်တမ်း အလေးချိန်ရှိတဲ့ ဆန်ဝစ်ခ်ျဟာ အကြီးဆုံးမုန့်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး (၂၀၁၁)ခုနှစ်က လက်ဘနွန် စားသောက်ဆိုင် တစ်ဆိုင်မှ ပြုလုပ်ခဲ့တဲ့ (၇၃၀)မီတာ ရှည်လျားတဲ့ ဆန်းဝစ်ဟာ အရှည်ဆုံးမုန့်ဖြစ်ကြောင်း သိရပါသည်။ အရှည်ဆုံးတော်တာမုန့် ပြိုင်ပွဲကို ငါးရက်ကြာ ကျင်းမှာဖြစ်ပြီး လူပေါင်း(၃သိန်း၁သောင်း)ကျော် လာရောက်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း သိရှိရပါသည်။


No comments:

Post a Comment