Thursday, July 31, 2014

ဖလော်ရီဒါပြည်နယ်ရှိ မိသားစုတစ်စု နှစ်ပေါင်း(၃၀ဝ) သက်တမ်းရှိ စပိန်ဘုန်းတော်ကြီးများ အထွတ်အမြတ်ထားရာ ရွှေလည်ဆွဲတစ်ခုမှ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတစ်ခုကို တွေ့ရှိ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ မိသားစုတစ်စုဟာ သင်္ဘောပျက်တစ်စီးပေါ်မှာ နစ်မြုပ်နေတဲ့ ရတနာသိုက်ကို မွှေနှောက်ရှာဖွေခဲ့ရာ နှစ်ပေါင်း(၃၀ဝ) သက်တမ်းရှိ စပိန်ဘုန်းတော်ကြီးများ အထွတ်အမြတ်ထားရာ ရွှေလည်ဆွဲတစ်ခုမှ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရပါသည်။ ပြီးခဲ့တဲ့လက ရှာဖွေတွေ့ရှိမှုပြီးနောက် စပိန်သမိုင်းပညာရှင်များက ၄င်းအပိုင်းလေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅)နှစ်ခန့်က တွေ့ရှိခဲ့တဲ့ ပစ္စည်းနှင့်ကိုက်ညီနေကြောင်း ပြောကြားခဲ့ပါသည်။ ၄င်းပစ္စည်းလေးဟာ (ပီဝိုင်အိတ်)လို့ ခေါ်ဆိုနိုင်တဲ့ ခရစ်ယာန် ဘုန်းတော်ကြီးများ ဝတ်ဆင်တဲ့ အသုံးအဆောင်ပစ္စည်း တစ်မျိုးဖြစ်ကာ ဒေါ်လာ ဘယ်လောက်တန်တယ် ဆိုတာကိုတော့ အတိအကျ ဖော်ပြနိုင်ခြင်း မရှိသေးပါ။ ပြီးခဲ့တဲ့နှစ်က အော်လန်ဒိုအနီးမှာ နေထိုင်တဲ့လူတစ်ဦးဟာ အမေရိကန်ဒေါ်လာ (၃သိန်း)တန်ဖိုးရှိ ၄င်းလည်ဆွဲမှ အပိုင်းတစ်ပိုင်းကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ဥပဒေအရ ရှေးဟောင်းရတနာများကို ဖလော်ရီဒါတောင်ပိုင်းရှိ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနတွင် ထားရှိရမှာဖြစ်ပသည်။ ဖလော်ရီဒါပြည်နယ်ဟာ တွေ့ရှိမှုရဲ့ (၂၀)ရာခိုင်နှုန်းကျော်ကို ရရှိမှာဖြစ်ပြီး ကျန်တဲ့အပိုင်းကိုတော့ (ဘရစ်ဘန်း)ကုမ္ပဏီနှင့် တွေ့ရှိတဲ့ မိသားစုတို့ ခွဲဝေယူရမှာဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment