Thursday, July 31, 2014

အီဘိုလာဗိုင်းရပ်စ်ပိုး ပျံ့နှံ့လာနိုင်တဲ့အတွက် အိုင်ဗရီကိုစ့်နိုင်ငံ စိုးရိမ်လျက်ရှိ

အိုင်ဗရီကိုစ့်နိုင်ငံဟာ နိုင်ငံပေါင်းများစွာမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ်ပိုး ပျံ့နှံ့လာနိုင်တဲ့အတွက် စိုးရိမ်လျက်ရှိကြောင်း သိရပါသည်။ အခုချိန်ထိ အနောက်အာဖရိကမှာ ၄င်းရောဂါပိုးကြောင့် သေဆုံးသူဦးရေဟာ ခြောက်ရာကျော်ထိ မြင့်တက်လျက်ရှိပြီး အိုင်ဗရီကိုစ့်ဟာ နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုကြောင့် စိုးရိမ်လျက်ရှိတာ ဖြစ်ပါသည်။ တာဝန်ရှိသူများဟာ ၄င်းရောဂါပိုး နိုင်ငံသို့ ရောက်ရှိမှုမှ ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံရဲ့ ကူးစက်ရောဂါ စောင့်ကြည့်ရေးစင်တာ (အိုင်အန်ပီအိတ်ခ်ျ)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါသည်။ အိမ်နီးချင်းနိုင်ငံ လိုက်ဘေးရီးယားနိုင်ငံက ၄င်းရောဂါပိုးကို ကိုင်တွယ်ဖြေရှင်းရန် ပြင်းထန်တဲ့ စီမံချက်များကို ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ရောဂါပိုးကူးစက်မှုကို ကာကွယ်သည့်အနေဖြင့် လူနှင့်တိရစ္ဆာန်များကို သီးခြားထားရှိခြင်းနဲ့ နိုင်ငံတစ်ဝန်းရှိ ကျောင်းများကို ပိတ်ထားမှာဖြစ်ကြောင်း လိုက်ဘေးရီးယား သမ္မတက ဇူလိုင်လ (၃၀)ရက်နေ့က ကြေငြာခဲ့ပါသည်။ အိုင်ဗရီကိုစ့်နိုင်ငံဟာ အဖွဲ့အစည်းများနှင့်အတူ ရောဂါပိုး ဖြစ်ပွားမှုကို ကာကွယ်ရန် အရေးပါတဲ့နေရာတိုင်းမှာ စတင်ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဒေသမှာ သတိမူမိစေဖို့ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်ခဲ့တဲ့အပြင် သတင်းအချက်အလက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုကိုလဲ ပြုလုပ်ခဲ့ပါသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ဆီရီရယ်လျုန်း ဂီနီနဲ့ လိုက်ဘေးရီးယားမှာ ၄င်းရောဂါပိုးကြောင့် သေဆုံးသူဦးရေဟာ ယခုလမှာ(၂သောင်း၃ထောင်)ကျော် ရှိခဲ့ကြောင်း (ဒဗလျူအိတ်အို)ရဲ့ စာရင်းဇယားများအရ သိရှိရပါသည်။


No comments:

Post a Comment