Thursday, July 31, 2014

အမေရိကန်နိုင်ငံ ဆန်ဒီရေးဂိုးရှိ ယာဉ်ရပ်နားရာနေရာ တစ်ခုသို့ အသေးစားလေယာဉ် တစ်စီးပျက်ကျ

အမေရိကန်နိုင်ငံ ဆန်ဒီရေးဂိုးရဲ့ လက်လီရောင်းချတဲ့ စတိုးဆိုင်တစ်ခုရှိ ယာဉ်ရပ်နားရာနေရာ တစ်ခုသို့ အသေးစားလေယာဉ် တစ်စီးဇူလိုင်လ (၃၀)ရက်နေ့က ပျက်ကျခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများနဲ့ ဒေသမီဒီယာရဲ့ ပြောကြားချက်အရ သိရှိရပါသည်။ မော့ဂိုမာရီလေဆိပ်ကို ဆင်းသက်ဖို့ ကြိုးစားစဉ် အင်ဂျင်တစ်လုံးထဲရှိတဲ့ လေယာဉ်ဟာ ပြန်ကန်ထွက်ခဲ့ကာ လေယာဉ်ဟာ တစ်ဖန်ပြန်တက်ခဲ့ပြီးနောက် ကော့စ်တ်ကို ယာဉ်ရပ်နားကွင်း အနီးကို ပျက်ကျခဲ့ကြောင်း ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးရဲ့ ပြောရေးဆိုခွင့်ရှိသူ အီယန်ဂရက်ဂေါ်က ပြောကြားခဲ့ပါသည်။ လေယာဉ်ကို ဘယ်သူမောင်းလဲ ဆိုတာကိုတော့ မသိရသေးကြောင်း အက်ဖ်အေအေနဲ့ အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးအန္တရာယ် ကင်းရှင်းရေး ဘုတ်အဖွဲ့ကတော့ ယခုဖြစ်ရပ်နဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးကြောင်း ဂရက်ဂေါ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment