Thursday, July 31, 2014

၂၀၁၄ခုနှစ် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ တိုင်းဒေသကြီး၊ ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား




၂၀၁၄ခုနှစ် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ တိုင်းဒေသကြီး၊ ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်လ(၂၉)ရက်နေ့ ညနေပိုင်းတွင် မော်လမြိုင်မြို့ ပြည်နယ်အားကစား ခန်းမ မိုးလုံလေလုံ အားကစားရုံမှာ ကျင်းပပါသည်။ ရှေးဦးစွာ အမျိုးသား (၈၁) ကီလိုတန်းအောက် ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုအား ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကြည့်ရှုအားပေးကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား (၈၁) ကီလိုတန်း၊ အမျိုးသား (၉၀)  ကီလိုတန်း၊ အမျိုးသမီး (၇၈) ကီလိုတန်းအထက် အမျိုးသား (၇၃) ကီလိုတန်း၊ အမျိုးသမီး (၆၃) ကီလိုတန်း၊ အမျိုးသား (၁၀ဝ) ကီလိုတန်း၊ အမျိုးသမီး (၇၈) ကီလိုတန်း၊ အမျိုးသမီး (၇၀) ကီလိုတန်း အားကစားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ နှင့် ပြည်နယ် ဝန်ကြီးများက ဆုများ ချီးမြှင့် ပေးကြပါသည်။ အဲဒီနောက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး အားကစားသမားဆု နှင့် အမျိုးသား တံခွန်စိုက် ဒိုင်းဆု၊ အမျိုးသမီး တံခွန်စိုက် ဒိုင်းဆုများကို တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် က အမျိုးသား၊ အမျိုးသမီး စုပေါင်း တံခွန်စိုက် ဒိုင်းဆုရ မွန်ပြည်နယ် အသင်းအား တံခွန်စိုက် ဒိုင်းဆုနှင့် ဆင့်ပွားဒိုင်းများ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment