Thursday, July 31, 2014

အရာထမ်းများ စွမ်းဆေင်ရည်မြှင့်တင်မှု သင်တန်း (၁/၂၀၁၄)




အားကစားဝန်ကြီးဌာန၊ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်အဖြစ် ဝန်ကြီးဌာန လက်အောက်ရှိ အရာထမ်းများ စွမ်းဆေင်ရည်မြှင့်တင်မှု သင်တန်း (၁/၂၀၁၄) ကို နေပြည်တော် အမျိုးသား အားကစား လေ့ကျင့်ရေး စခန်းမှာ ဆက်လက်သင်ကြားရာ ဇူလိုင်လ (၃၁)ရက်နေ့ မနက်တွင် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက် တက်ရောက်ပြီး သင်တန်းပို့ချရာမှာ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး အတွက် အားကစားဝန်ကြီးဌာန၏ အရှိန်အဟုန်မြှင့်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် ရှေ့လုပ်ငန်းစဉ်များအား အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ပြီး ချမှတ်နိုင်ခဲ့ကြောင်း၊ လုပ်ငန်းစဉ်များအား အရာရှိများ လိုက်နာကျင့်သုံး အကောင်အထည်ဖော် နိုင်ရေး သင်တန်းပို့ချခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ရည်ရွယ်ချက် ဖြစ်သော နိုင်ငံတကာ ပြိုင်ပွဲများ၊ ဆုတံဆိပ်များ ရရှိရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက် မြန်မာနိုင်ငံ အနှံ့အပြား ရှိ မြို့နယ် အားကစားကွင်းများအာ ပြည်သူများ အချိန်ရာသီမရွေး လာရောက် ကစားချင်လာအောင် အဆင့်မြှင့်တင်ပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေနဲ့ နိုင်ငံတော်၏ ပြဌာန်းထားသော တည်ဆဲဥပဒေများ၊ ကျင့်ဝတ်များ၊ စည်းကမ်းများ ၊ ခံစားခွင့်များကို တိကျစွာ လိုက်နာသွားရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းများ အနေနှင့် နေ့စဉ် မိမိကိုယ်ကို သုံးသပ်ပြီး မိမိစွမ်းဆောင်ရည် တိုးတက်မြင့်မားအောင် ကျင့်ကြံလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး သည် ထိုင်းနိုင်ငံမှာ ဩဂုတ်လ (၄)မှ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ထိုင်းနိုင်ငံ ဘုရင့်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစား သမားများအား တွေ့ဆုံမှာကြားပါသည်။ အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း (၃၀)ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား တွေ့ဆုံမှာ ကြားပါသည်။ အဆိုပါ ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၃၀)ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံမှ အမျိုးသား (၈)ဦး၊ အမျိုးသမီး (၈)ဦး၊ အုပ်ချုပ်မှု (၇)ဦး စုစုပေါင်း (၂၃)ဦး သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment