သာသနာရေး
ဝန်ကြီးဌာန၊ ၂၀၁၄ ခုနှစ် (နဝမအကြိမ်) မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော်နှင့် လျှိုပိတ်ဆည်
အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၃၁ရက် နံနက် (၈)နာရီတွင် သာသနာရေး
ဝန်ကြီးဌာန၊ စိုက်ပျိုးရေးကွင်းမှာ ကျင်းပခဲ့ရာ သာသနာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးစိုးဝင်း က ကံ့ကော်ပင်အား စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်ဌေး
က ကံ့ကော်ပင်အား လည်းကောင်း၊ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်
က ခရေပင်အား လည်းကောင်း၊ ဌာန အကြီးအကဲများက မဟော်ဂနီပင်များအား လည်းကောင်း၊ စိုက်ပျိုးပေးပါတယ်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လျှိုပိတ်ဆည် အတွင်း ငါးမျိုးများ
စိုက်ထည့်ပေးကြပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်
စိုက်ပျိုး နေမှုများအား ကြည့်ရှုအားပေး ခဲ့ကြပါတယ်။ သာသနာရေး ဝန်ကြီးဌာန၊ ၂၀၁၄ခုနှစ်
(နဝမအကြိမ်) မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်နှင့် လျှိုပိတ်ဆည် အတွင်း ငါးမျိုးစိုက်ထည့်ခြင်း
အခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပနားမားငု၊ ပျဉ်းမ၊ မယ်ဇလီပင် စုစုပေါင်း
အပင်(၁၃၀ဝ) စိုက်ပျိုးခဲ့ကြောင်း၊ ရိုးရိုးငါးကြင်း၊
မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ စုစုပေါင်း (၈၅၅၀) စိုက်ထည့်
ခဲ့ကြောင်း သိရှိရပါတယ်။
No comments:
Post a Comment