Thursday, July 31, 2014

နိုင်ငံတကာရဲ့ တားဆီးပိတ်ပင်မှု အသစ်တွေကြောင့် ရုရှားနိုင်ငံမှာ လည်ပတ်နေတဲ့ ဘဏ်လုပ်ငန်းတွေ ထိခိုက်နေ

နိုင်ငံတကာရဲ့ တားဆီးပိတ်ပင်မှု အသစ်တွေကြောင့် ရုရှားနိုင်ငံမှာ လည်ပတ်နေတဲ့ ဘဏ်လုပ်ငန်းတွေ ထိခိုက်နေတယ်လို့ သိရပါသည်။ အမေရိကန်နဲ့ အီးယူတို့ဟာ ရုရှားရဲ့ စီးပွားရေးကို အရေးယူပိတ်ပင်မှုတွေ လုပ်ခဲ့ပေမဲ့ ပြင်းထန်တဲ့ အကျိုးသက်ရောက်မှု ရှိလာမှာမဟုတ်ဖူးလို့ စီးပွားရေးပညာရှင် တစ်ဦးက ပြောပါသည်။ အမေရိကန်နဲ့ အီးယူတို့ဟာ တားမြစ်ပိတ်ပင်မှုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ဖော်ခဲ့ပြီး ဒါက ရုရှားရဲ့ယူကရိန်း မူဝါဒကို ပြစ်ဒဏ်ပေးလိုက်တာ ဖြစ်ပါတယ်။ ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်မှုနဲ့ လက်နက်ကဏ္ဍ ရောင်းဝယ်မှုကိုပါ ထိန်းချုပ်ကန့်သတ်ခဲ့ပြီး ဒါဟာ အဖျက်သဘော လုပ်ရပ်များပါပဲလို့ ရုရှားက ပြောခဲ့ပါသည်။ မော်စကို ဒေသခံများကတော့ အချိန်တန်ရင် ပုံမှန်ပြန်ဖြစ်မှာပဲလို့ ယူဆမျှော်လင့်နေကြပါသည်။ ရုရှားရဲ့ စီးပွားရေး ဈေးကွက်မှာတော့ ပြောင်းလဲခြင်းမရှိသေးပဲ ရင်းနှီးမြှုပ်နှံသူမျာကတော့ တားမြစ်ပိတ်ပင်မှုတွေ ဆိုးဝါးမလာခင် ရပ်တန့်သွားဖို့ ဆန္ဒရှိကြောင်း သိရှိရပါသည်။


No comments:

Post a Comment