Thursday, July 31, 2014

လစ်ဗျားနိုင်ငံတွင် လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွား

လစ်ဗျားနိုင်ငံမှာ လုံခြုံရေးအခြေအနေတွေ ပိုမိုဆိုးရွားလာတဲ့အတွက် နိုင်ငံတွင်းရှိ ပြင်သစ်လူမျိုးများအား ပြောင်းရွှေ့မှုတွေ ပြုလုပ်လာတာဟာဆိုရင် အခုအကြိမ်ဟာ နောက်ဆုံးအကြိမ်ပဲဖြစ်ကြောင်း သိရပါသည်။ ထရစ်ပိုလီရှိ ပြင်သစ်သံရုံးအား ပိတ်ခဲ့ပြီး ပြင်သစ်တာဝန်ရှိသူများအား စုဆောင်းခေါ်ယူဖို့အတွက် စစ်သင်္ဘောတစ်စီးအား ဇူလိုင်လ (၃၀)ရက်နေ့က စေလွှတ်ခဲ့ပါသည်။ လေယာဉ်ပေါ်တွင်လဲ နိုင်ငံကူးလက်မှတ်များကို ပိုက်စိပ်တိုက် စစ်ဆေးနေပြီး လစ်ဗျားနိုင်ငံကနေ ထွက်ခွာမှုဟာ ယခုအခါမှာ ပိုမိုခက်ခဲလာခဲ့ကာ လက်နက်ကိုင်အုပ်စုများအနေနဲ့ နိုင်ငံရဲ့ အဓိကလေဆိပ်ကို ထိန်းချုပ်နိုင်ဖို့ အပြန်အလှန် တိုက်ခိုက်နေကြပါသည်။ အဓိကလေဆိပ်အနီးကို ဒုံးကျည်ဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေပါသည်။ စပိန် ဂျာမနီနဲ့ နယ်သာလန်တို့ဟာလဲ ၄င်းတို့ရဲ့ သံရုံးများကို ပိတ်ခဲ့ပါသည်။ ထရီပိုလီနဲ့ ဘင်ဂါဇီတို့မှာ ပြင်းထန်တဲ့ မတော်တဆမှု မဖြစ်ပွားခင်မှာ အမေရိကန်နဲ့ အင်္ဂလန်တို့ဟာလဲ ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့ပြီး သီတင်းနှစ်ပတ်ကျော်အတွင်း တိုက်ခိုက်မှုများကြောင့် လူပေါင်း(၂၀ဝ)ကျော် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment