၂၀၁၃-၂၀၁၄
ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများနှင့်
ထိုင်းနိုင်ငံ IRPC Technology College (IRPCT)တွင် (၄)နှစ်ကြာ သင်ကြားရန်
High Vocational Diploma သင်တန်းသို့ ပညာသင်အဖြစ် ရွေးချယ်ခံရသည့် ဝန်ထမ်းများ၏
သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲကို (၃၀-၆-၂၀၁၄)ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ အဲဒီနောက် ဂုဏ်ထူးရ
ကျောင်းသား ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ရန် ဌာနဆိုင်ရာ အကြီးအကဲများထံ
ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ပြီး (၆)ဘာသာ ဂုဏ်ထူးရရှိသော
ကျောင်းသား၊ ကျောင်းသူ(၂)ဦးနှင့် (၅)ဘာသာ ဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူ (၃)ဦးတို့အား
ဂုဏ်ပြုဆုများ ချီးမြှင့်ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးချန်မောင်က (၄)ဘာသာ ဂုဏ်ထူးရရှိသော
ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးအား၎င်း၊ ဒုတိယ ဝန်ကြီး ဦးမြင်သိန်းက (၄)ဘာသာ ဂုဏ်ထူး ရရှိသော
ကျောင်းသား၊ ကျောင်းသူ (၄)ဦးနှင့် ပြည်ပနိုင်ငံ ပညာသင်ဆု ရွေးချယ်ခံရသော ကျောင်းသား
(၅)ဦးအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ကြသည်။ အဲဒီနောက် ထူးချွန် ကျောင်းသား ကျောင်းသူများ
ကိုယ်စား (၆)ဘာသာ ဂုဏ်ထူးရရှိသူ ကျောင်းသူ မချိုရည်သင်္ကြန် က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
No comments:
Post a Comment