Tuesday, July 1, 2014

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့မှာ ကျင်းပမည့် ISSF World Cup (Rifie, Pistol) သေနတ်ပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့များ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ပ ထွက်ခွာ

ဇူလိုင်လ (၁)ရက်မှ (၁၀)ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် ISSF World Cup (Rifie, Pistol) သေနတ်ပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံ သေနတ်ပစ် အားကစားအဖွဲ့ချုပ် လက်ရွေးစင် အားကစားသမားများမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ ဦးအောင်သူရ၊ နည်းပြအရာခံ ဗိုလ်ခင်မောင်ထူးနှင့် လက်ရွေးစင် အားကစားသမား(၆)ဦး စုစုပေါင်း(၈)ဦးတို့ သွားရောက် ယှဉ်ပြိုင်ရန်အတွက် ဇွန်လ (၃၀)ရက် ည (၁၀)နာရီခွဲမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားကြရာ မြန်မာနိုင်ငံ သေနတ်ပစ် အဖွဲ့ချုပ် ဥက္ကဌ ဦးထက်ညီက လိုက်လံပို့ဆောင်ပြီး အားပေးစကား ပြောကြားခဲ့သည်။ ယင်းကမ္ဘာ့အဆင့် သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ လက်ရွေးစင် အားကစားသမားများမှ မောင်ကြူး၊ ရဲထွန်းနောင်၊ အားချန်တို့ (၃)ဦးတို့သည် (၁၀)မီတာ လေပစ္စတိုနှင့် (၅၀)မီတာ ပွိုင့် ၂၂ စိတ်ကြိုက် ပစ္စတိုပြိုင်ပွဲများနှင့် လင်းအောင်၊ ဝေယံမင်းသူ၊ ကောင်းထိုက်တို့(၃)ဦးသည် (၅၀)မီတာ ပွိုင့် ၂၂ ရိုင်ဖယ် ဝမ်းလျားမှောက် ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း သိရှိရပါသည်။

No comments:

Post a Comment