Wednesday, July 30, 2014

ပြည်ထဲရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနတွင် အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ ကျင်းပ



ပြည်ထဲရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနတွင် အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အခုလ(၂၈)ရက်နေ့၊ မနက်တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၌ ကျင်းပရာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုး တက်ရောက်အမှာစကား ပြောကြားပါသည်။ သင်တန်းကို မီးသတ်ဦးစီးဌာနမှ နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု လုပ်ငန်းစဉ်(၁)နှင့် စပ်လျဉ်း၍ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကို အခုလ(၃၀)ရက်နေ့အထိ သင်တန်းသား အရာရှိ (၅၀)ဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုနည်းတူ အရာထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများကို မီးသတ်ဦးစီးဌာန(ရုံးချုပ်) (နေပြည်တော်)တွင် သင်တန်းသား အရာရှိ(၃၀)ဦးဖြင့်  လည်းကောင်း၊ ဗဟိုမီးသတ် သင်တန်းကျောင်း (ပြင်ဦးလွင်)တွင် သင်တန်းသား အရာရှိ(၁၅)ဦးဖြင့် လည်းကောင်း၊ အမှတ်(၁) တိုင်းဒေသကြီး၊ ပြည်နယ်မီးသတ် ဦးစီးရုံးများ ကွပ်ကဲမှုဌာနခွဲ (မန္တလေး)တွင် သင်တန်းသား အရာရှိ(၄၀)ဦးဖြင့် လည်းကောင်း တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment