Wednesday, July 30, 2014

ပြည်သူဗဟိုပြု စွမ်းဆောင်ရည် မြင့်မားရေး သင်တန်း ဖွင့်ပွဲ ကျင်းပ



ပြည်သူဗဟိုပြု စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းကို ဇူလိုင်လ (၂၉)ရက်နေ့တွင် မြန်မာ့သစ်လုပ်ငန်းရုံး၌ ကျင်းပခဲ့ရာ ကယားပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးတော့ရယ် က အမှာစကား ပြောကြားရာမှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး၊ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေး ခေါင်းစဉ်နှင့်အတူ တက်ရောက် ပို့ချခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေထွေ မန်နေဂျာ ဦးအောင်မြင့်ဌေးက ဝန်ထမ်များ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရေး ခေါင်းစဉ်နှင်၎င်း၊ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက နိုင်ငံတော်ပြုပြင် ပြောင်းလဲမှု တတိယအဆင့်နှင့် ပြည်သူ့ဝန်ထမ်းများ ကဏ္ဍ ခေါင်းစဉ်နှင့်၎င်း၊ မြန်မာ့သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးတင်မောင်လွင်မှ ပြည်တွင်း ရောင်း/စက်ဌာန၏ ရှေ့ဆက် လျှောက်လှမ်းမည့် ခရီးနှင့် ပြည်သူဗဟိုပြု စွမ်းဆောင်ရည် မြှင့်မားရေး ခေါင်းစဉ်နှင့်၎င်း ပို့ချခဲ့သည်။

No comments:

Post a Comment