Thursday, July 31, 2014

ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အပေါ် အကောင်အထည် ဖော်နိုင်မှု အခြေအနေအား သုံးသပ်ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ




ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အပေါ် အကောင်အထည် ဖော်နိုင်မှု အခြေအနေအား သုံးသပ်ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ (Mid Term Review) အား ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးက မိမိတို့ဝန်ကြီးဌာနသည် ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး တာဝန်ယူဆောင်ရွက် ရပါကြောင်း၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ဆိုင်ရာ လိုအပ်ချက်များကို မီးရထား၊ မော်တော်ယာဉ်များဖြင့် အထိရောက်ဆုံး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် အစဉ်တိုးတက်စေရန်လည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော် ပြုပြင်ပြောင်းလဲမှု တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များ အဖြစ် လမ်းညွှန်ချက်များကိုလည်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အခု ဆွေးနွေးပွဲတွင် (Multimodal Tarnsport Development)ဖြစ်ပေါ်လာရေး စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များ (Door  to 
Door)ကုန်ပို့စနစ်၊ (Dry Port)
ဖွံ့ဖြိုးတိုးတက်ရန် ကိစ္စ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၊ ပုဂ္ဂလိက အသွင်ပြောင်းလဲရေး ကိစ္စများကိုပါ ထည့်သွင်းဆွေးနွေး ပေးစေလိုပါကြောင်း ဆွေးနွေးမှာကြားပါသည်။

No comments:

Post a Comment