Thursday, July 31, 2014

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများ စစ်တွေမြို့ ကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသား/သူများနှင့် တွေ့ဆုံ




ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ လူမှုရေး ဝန်ကြီး ဦးကျော်ခင်နှင့် တာဝန်ရှိသူများသည် ဇူလိုင်လ (၃၁)ရက်နေ့ နံနက် (၈)နာရီခွဲတွင် စစ်တွေမြို့ ကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းမှ တက္ကသိုလ်တွင် လိုအပ်လျှက် ရှိသော ကျောင်းကန်တင်း ဆောက်လုပ်ပေးရန်၊ ကျောင်းဝင်းအတွင်း ဝိုင်ဖိုင် အခမဲ့ တပ်ဆင်ပေးရန်၊ ကျောင်းဖယ်ရီများ အခမဲ့ ပြေးဆွဲပေးရန်နှင့် ကျောင်းသူ/သားများ တင်ပြ တောင်းဆိုမှုများကို တာဝန်ရှိသူများအား စီစဉ်ပေးရန်မှာ ကြားခဲ့ပါသည်။ အဲဒီနောက် ပြည်နယ် ဝန်ကြီးချုပ်မှ ကျောင်းသူ၊ ကျောင်းသားများ၏ လိုအပ်ချက်များ အတွက် ငွေကျပ်(၁၀)သိန်း ပေးအပ်ခဲ့ပြီး  ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုများအား ကြည့်ရှုခဲ့ပါသည်။ ဆက်လက်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နံနက်(၁၀)နာရီခွဲတွင် စစ်တွေနည်းပညာ တက္ကသိုလ် သို့သွားရောက်ခဲ့ပြီး တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ကျောင်းသူ၊ ကျောင်းသားများ၏ လိုလား တောင်းဆိုချက်များကို ဖြည့်ဆည်း ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က  နည်းပညာ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများအား ငွေကျပ်သိန်း(၂၀) ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment