Thursday, July 31, 2014

အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်များဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်သည့် သမ္မတ အိုဘားမားရဲ့ အစိုးရမူဝါဒကို ဆွေးနွေးခဲ့ကြ

အမေရိကန် အောက်လွှတ်တော်ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီက ကြီးမှူးကျင်းပတဲ့ ရှင်းလင်းပွဲတစ်ခုမှာ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်များဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်သည့် သမ္မတ အိုဘားမားရဲ့ အစိုးရမူဝါဒကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ မြောက်ကိုရီးယား မူဝါဒရေးရာ အမေရိကန် အထူးကိုယ်စားလှယ် (ဂျီလန်-ဒေးဗစ်)နဲ့ မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် အထူးသံတမန် ရောဘတ်ကင်းတို့ဟာ နိုင်ငံရဲ့ တိုက်ခိုက်လိုတဲ့ မူဝါဒများ အကျိုးသက်ရောက်မှု ရှိနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး တစ်နာရီကြာ အငြင်းပွါးခဲ့ကြကြောင်း သိရပါသည်။ မြောက်ကိုရီးယားဟာ မကြာခင်နှစ်များက အမေရိကန် အရပ်သားများကို ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန် နိုင်ငံသားသုံးဦးဟာ ခရီးသွားဗီဇာဖြင့် ရောက်ရှိလာခဲ့ပြီးနောက် မြောက်ကိုရီးယားက ဖမ်းဆီးထားခဲ့တာ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယား နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး မရှိကြောင်းနဲ့ မြောက်ကိုရီးယားရှိ ဆွီဒင်သံရုံးက ကိုယ်စားပြု ဆောင်ရွက်ပေးခဲ့ပါသည်။ မြောက်ကိုရီးယားဟာ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုချက်များကို ဖီဆန်ပြီး (၂၀ဝ၆)ခုနှစ်ကတည်းက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုများ စတင်ခဲ့တဲ့အတွက် တားမြစ်ပိတ်ပင်မှုများကို ခံစားနေရတာဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment