Thursday, July 31, 2014

ဗြိတိန်အစိုးရဟာ ရုရှားထောက်လှမ်းရေးတစ်ဦး၏ သေဆုံးမှုနှင့် ပတ်သက်ပြီး ပြည်သူလူထုအား စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်သွားမည်

ဗြိတိန်အစိုးရဟာ ယခင် ရုရှားထောက်လှမ်းရေး တစ်ဦးရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး ပြည်သူလူထုအား စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါသည်။ ပြီးခဲ့သည့် တစ်နှစ်ကျော်ကတော့ ဗြိတိန်အစိုးရဟာ စုံစမ်းမှုတွေပြုလုပ်ဖို့ ငြင်းပယ်ခဲ့ပြီး (အိတ်စ်-ကေဂျီဘီ) ထောက်လှမ်းရေးသမား (အလက်ဇန်ဒါး-လစ်ဗင်နီကိုး)ဟာ (၂၀ဝ၆)ခုနှစ်က လန်ဒန် ဟော်တယ်တစ်ခုမှာ ရေဒီယို သတ္တုကြွအိုင်စိုတုပ် ပါဝင်တဲ့ အဆိပ်ခတ်ထားတဲ့ လက်ဖက်ရည်ကို သောက်သုံးပြီးနောက် သေဆုံးခဲ့တာ ဖြစ်ပါသည်။ ၄င်းရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကိုတော့ တရားသူကြီး ရောဘတ်အိုဝင်က သဘာပတိအဖြစ် ဆောင်ရွက်မှာ ဖြစ်ကာ သက်သေအထောက် အထားများအရ အခုလူသတ်မှုမှာ ရုရှားပါဝင်ပတ်သက် နေတယ်လို့ ယူဆရကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။ အိုဝင်ဟာ ၄င်းကိုယ်တိုင် ယခုအမှုကို စစ်ဆေးဖို့ တောင်းဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများဟာ (၂၀၁၅)ခုနှစ်မှာတော့ အပြည့်အစုံ ပြီးစီးမယ်လို့ မျှော်လင့်ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment