Thursday, July 31, 2014

တနင်္သာရီတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ လုပ်ဆောင်လျက်ရှိသော အာမခံလုပ်ငန်းများနှင့် ပတ်သက်သည့် အသိပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်

တနင်္သာရီတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ လုပ်ဆောင်လျက်ရှိသော အာမခံလုပ်ငန်းများနှင့် ပတ်သက်သည့် အသိပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန်အတွက် ရည်ရွယ်၍ မြန်မာ့အာမခံ လုပ်ငန်း အကြောင်းသိကောင်းစရာ ဟောပြောပွဲကို ဇူလိုင်လ(၃၁)ရက်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်း ရုံး၌ကျင်းပရာ တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဒေါ်ခိုင်ခိုင်ထွန်းက မော်တော်ယာဉ်အလုံးစုံ အာမခံထားရှိမှုနှင့် ပတ်သက်၍ လည်းကောင်း၊ အသက်အာမခံ လျော်ကြေးငွေနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော အဝေးပြေးယာဉ်လိုင်း ပေါင်းစုံမှ ကိုယ်စားလှယ်များက အာမခံထားရှိမှုနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များကို မေးမြန်း၍ တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဒေါ်ခိုင်ခိုင်ထွန်းက ပြန်လည် ရှင်းလင်း ဆွေးနွေးပါသည်။



No comments:

Post a Comment