Friday, August 1, 2014

မြစ်ရေကြီးခြင်းသတိပေးချက်

ဒီကနေ့ (၁-၈-၁၄) ရက်နေ့ မြန်မာစံတော်ချိန် မနက် (၁၀း၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာနမှ မြစ်ရေကြီးခြင်း သတိပေးချက်ကို ထုတ်ပြန်ပါသည်။ ယနေ့ (၁-၈-၁၄) ရက်နေ့ မြန်မာစံတော်ချိန် မနက် (၀၉း၃၀) နာရီ အချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၅၀) စင်တီမီတာ (၁ပေခွဲခန့်)တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် ယနေ့ (၁-၈-၁၄) ရက်နေ့  မွန်းတည့်ချိန်မှ နောက် (၄၈) နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

No comments:

Post a Comment